back

စားအုန်းဆီတင်သင်္ဘော (၂) စီး ရန်ကုန်မြို့သို့ ဆိုက်ကပ်လာ

Jan 23 • 3:28 AM

breaking-news

မြန်မာ

ရန်ကုန်

cover

စားအုန်းဆီတင်သင်္ဘော (၂) စီး ရန်ကုန်မြို့သို့ ဆိုက်ကပ်လာ

ရန်ကုန်မြို့ရှိ Wilmar Myanmar International Port နှင့် ထီးတန်းဆိပ်ကမ်းတို့သို့ ဇန်နဝါရီ ၂၁ ရက်တွင် စားအုန်းဆီတင်သင်္ဘောနှစ်စီးဖြစ်သော Hong Bo 8 နှင့် T T C PIO...

ရန်ကုန်မြို့ရှိ Wilmar Myanmar International Port နှင့် ထီးတန်းဆိပ်ကမ်းတို့သို့ ဇန်နဝါရီ ၂၁ ရက်တွင် စားအုန်းဆီတင်သင်္ဘောနှစ်စီးဖြစ်သော Hong Bo 8 နှင့် T T C PIONEER တို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါသင်္ဘောများဖြင့် တင်ဆောင်လာသည့် စားအုန်းဆီများကို စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိအဖွဲ့များက ဆီသိုလှောင်ကန်များအတွင်း ထည့်သွင်းမှု၊ ဆီအရည်အသွေးနှင့် တန်ချိန်မှန်ကန်မှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ပြည်သူများ ကျန်းမာရေးနှင့်အညီ စားသုံးနိုင်ရန်နှင့် ဈေးကွက်အတွင်း စနစ်တကျဖြန့်ဖြူးနိုင်ရန်အတွက် ဆီကန်များ၏ လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝိတ်ချိန်လျော့နည်းမှုမရှိစေရေးတို့ကိုပါ အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

14