back

ငပုတောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေး

Jan 23 • 3:28 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ငပုတောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများကို One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ပျောက်ဆုံး၊ ပျက်စီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ပန်းခင်းစီမံချက် အဆင့် (၃) အရ...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ပျောက်ဆုံး၊ ပျက်စီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ပန်းခင်းစီမံချက် အဆင့် (၃) အရ One Stop Service စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို ဇန်နဝါရီ ၂၂ ရက်တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းစဉ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့ပြီး မှတ်ပုံတင်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biometric ကောက်ယူကာ Unique ID နံပတ်များ တစ်ပါတည်း ထုတ်ပေးခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လာမည့်ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင်မဲပေးနိုင်ရေး ဆွေးနွေးခဲ့ကာ စစ်မှုထမ်းဟောင်းရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အတွက် ဆိုလာမီးများနှင့် ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

20