မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုကို လုပ်ကိုင်လျက်ရှိကြောင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ အဆိုပါကဏ္ဍ၌ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း ၆၄ ခုကို ခွင့်ပြုထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁,၄၇၆ ဒသမ ၂၄၉ သန်း ရှိပါသည်။ တရုတ်နိုင်ငံသည် မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 23 • 3:26 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


