ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာလူငယ်ကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၀ ရက်ညက ဆိုင်ကယ်စီးလာသည့် မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲများက တားဆီးစစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ကာ လူငယ်တစ်ဦးကို အခင်းဖြစ်နေရာတွင် ဖမ်းမိခဲ့သော်လည်း ကျန်တစ်ဦးမှာ သောင်ရင်းမြစ်ကိုဖြတ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လွတ်မြောက်နေသူကို ထိုင်းအာဏာပိုင်များက KNLA တပ်ဖွဲ့ (ဗိုလ်ဒါဘော) နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းကို ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Jan 23 • 3:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


