back

မဲဆောက်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ

Jan 23 • 3:24 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်...

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ရာချာမနူး အထူးတပ်ဖွဲ့နှင့် အမှတ် ၃၅ ခြေလျင်တပ်ရင်းတို့ ပူးပေါင်း၍ မယ်ပကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာအနီးရှိ နယ်စပ်လမ်းကြောင်းများကို ကင်းလှည့်စစ်ဆေးစဉ် တရားဝင်အထောက်အထား မရှိသည့် မြန်မာအမျိုးသားနှင့် အမျိုးသမီးများကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

16