တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအုံသည် ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်၌ သီလရှင်များ၊ အနှေးယာဉ်မောင်းများနှင့် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ကုန်နှင့် အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုတွင် အလိုတော်ပြည့်ဆရာတော်အား အမှူးထား၍ သရုပ်ဆောင်နိုင်လူနှင့် အလှူရှင်များလည်း ပါဝင်ခဲ့ကြပြီး၊ အထူးအစီအစဉ်အနေဖြင့် အခြေခံလုပ်သား အနှေးယာဉ်မောင်းများအတွက် ဆိုက်ကားတာယာ တစ်လုံးလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် အကြွေးစနစ် (ဖြည်းဖြည်းချင်းပြန်ဆပ်စနစ်) ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
တာမွေမြို့နယ်ရှိ အနှေးယာဉ်လုပ်သားများအား စားသောက်ကုန်များလှူဒါန်းပြီး ဆိုက်ကားတာယာများကို အကြွေးစနစ်ဖြင့် ရောင်းချပေး
Jan 23 • 3:22 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


