ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၌ ဘဝတူမြန်မာလုပ်သားတစ်ဦးအား ဓားဖြင့်ဝိုင်းဝန်းခုတ်နှက်ခဲ့သည့် မြန်မာလူငယ် ၃ ဦးကို ဇန်နဝါရီ ၂၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အသက် ၁၉ နှစ်အရွယ် နိုင်းဆောင်၊ ၁၈ နှစ်အရွယ်များဖြစ်ကြသော နိုင်းလောဝ်နှင့် နိုင်းဝေတို့သည် ဇန်နဝါရီ ၁၃ ရက်ညက ဘန်ဖရီမြို့ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသည့် ရည်းစားဖြစ်သူထံ ရောက်ရှိလာသော မြန်မာလူငယ်တစ်ဦးနှင့် အချင်းများရာမှ ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများနှင့် ၎င်းတို့၏ လူမှုကွန်ရက်ပေါ်ရှိ ခြိမ်းခြောက်မှုမှတ်တမ်းများကို ခြေရာခံ၍ ဘန်ကယောက်မြို့ရှိ ကွန်ဒိုတစ်ခုတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အား လူသတ်ရန် ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၊ စမွတ်ပရကန်တွင် ဘဝတူမြန်မာလုပ်သားချင်း ဓားဖြင့်ခုတ်ခဲ့သည့် မြန်မာလူငယ် ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
Jan 23 • 3:21 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


