ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများကို လုံခြုံရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၉ ရက်မှ ၂၂ ရက်အထိ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးချက်စခန်း ၁၃ နေရာနှင့် အွန်လိုင်းလိမ်လည်မှုပြုလုပ်သည့်နေရာ ၂ ခုတို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ၊ မော်တော်ယာဉ်များနှင့်အတူ အဆိုပါနေရာများအနီး၌ SSA အဖွဲ့၏ ကာကင်းစခန်းနှင့် အခိုင်အမာစခန်းတစ်ခုတို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိသော ပစ္စည်းများကို အသေးစိတ်စစ်ဆေးကာ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခြင်းနှင့် စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့၌ မူးယစ်ဆေး ဝါးချက်လုပ်သည့် နေရာများကိုထပ်မံဖော်ထုတ်သိမ်း ဆည်း
Jan 23 • 3:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 23 | 0 | 0 | 0 |


