back

ပရီးမီးယားလိဂ်မှာ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် လီဗာပူးလ် ရပ်တည်

Jan 23 • 2:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပရီးမီးယားလိဂ်မှာ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် လီဗာပူးလ် ရပ်တည်

ပရီးမီးယားလိဂ်အသင်းတွေထဲ ဝင်ငွေအကောင်းဆုံးအဖြစ် လီဗာပူးလ်က ပေါင် (၇၀၂)သန်းနဲ့ ရပ်တည်ခဲ့ပြီးတစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ဝင်ငွေအကောင်းဆုံးအသင်းဖြစ်တဲ့ မန်ယူအသ...

ပရီးမီးယားလိဂ်အသင်းတွေထဲ ဝင်ငွေအကောင်းဆုံးအဖြစ် လီဗာပူးလ်က ပေါင် (၇၀၂)သန်းနဲ့ ရပ်တည်ခဲ့ပြီးတစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ဝင်ငွေအကောင်းဆုံးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ဘဏ္ဍာရေးအခြေအနေ ဆက်လက်ဆိုးရွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ဝင်ငွေအကောင်းဆုံးဖြစ်လာပြီးမန်ယူအသင်းကတော့ အဆင့် (၁၅)နေရာသာရပ်တည်လို့ ဥရောပပြိုင်ပွဲဝင်ခွင့်မရဘဲ ဝင်ငွေလျော့ကျခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက Deloitte က ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးအသင်းစာရင်းမှာ အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် (၈)နေရာရောက်ရှိခဲ့ပါတယ်။မန်ယူအသင်းက ဝင်ငွေပေါင် (၆၆၆)သန်းသာရရှိခဲ့ပြီး မနှစ်ထက်အဆင့် (၄)ဆင့်နိမ့်ကျခဲ့ပါတယ်။ဝင်ငွေအကောင်းဆုံးဘောလုံးအသင်း (၁၀)သင်းမှာ လီဗာပူးလ်၊ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူ၊ စပါး၊ ချယ်လ်ဆီးစတဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေပါဝင်ခဲ့တယ်။

news-view-count-icon

20