ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံသား ၁၆၄ ဦးအား ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းပို့ဆောင်ခြင်းကို ကန်ချနဘူရီခရိုင်၊ သံဖြူဇရပ်လမ်းကြောင်းဘက်ရှိ စံခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု၊ အမှတ် (၉) ရပ်ကွက်၊ ဘုရားသုံးဆူကျေးရွာရှိ ကူးသန်းရောင်းဝယ်ရေးဂိတ် (၁၁) ၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် နယ်စပ်မှတရားမဝင် ဝင်ရောက်သူများကို ဖမ်းဆီးနေသည့်အပြင် နိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများကိုလည်း အရှိန်မြှင့်စစ်ဆေးဖမ်းဆီးနေသည်။



