မန်ယူအသင်းက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို သက်တမ်းမတိုးတော့ဘဲ လမ်းခွဲတော့မယ်လို့ အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့် အတည်ပြုကြေညာခဲ့ပါတယ်။အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ကက်စီမီရိုဟာ ၂၀၂၂ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ မန်ယူကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ကက်စီမီရိုဟာ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၁၄၆)ပွဲကစားပြီး (၂၁)ဂိုး သွင်းယူပေးထားပေမဲ့ (၄)နှစ်တာကာလအတွင်းမှာ ဆုဖလားအောင်မြင်မှုကတော့ လိဂ်ဖလားတစ်လုံးနဲ့ FA ဖလားတစ်လုံးသာ ရယူနိုင်ခဲ့ပါတယ်။မန်ယူအသင်းအနေနဲ့ ကက်စီမီရိုကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ရှိနေပေမဲ့ ကွင်းလယ်ကို ကစားသမားသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတာကြောင့် ကက်စီမီရိုကို သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
Jan 23 • 2:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


