back

မီဇိုရမ်တွင် မြန်မာနိုင်ငံသား ၄ ဦးထံက ကျပ်ငွေစက္ကူ သိန်း ၅၀၀ ကျော် ဖမ်းဆီးရမိ

Jan 23 • 2:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

မီဇိုရမ်တွင် မြန်မာနိုင်ငံသား ၄ ဦးထံက ကျပ်ငွေစက္ကူ သိန်း ၅၀၀ ကျော် ဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်း၌ မြန်မာနိုင်ငံသား လေးဦးထံမှ ကျပ်ငွေစက္ကူ သိန်း ၅၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း အာသံရိုင်ဖယ်စစ်တပ်နှင့် ဒေသတွင်းသတင်းဌာနများတွင...

အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ်အတွင်း၌ မြန်မာနိုင်ငံသား လေးဦးထံမှ ကျပ်ငွေစက္ကူ သိန်း ၅၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း အာသံရိုင်ဖယ်စစ်တပ်နှင့် ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြသည်။မီဇိုရမ်ပြည်နယ် ၊ရှဟာခရိုင်အတွင်း ဇန်နဝါရီလ၂၀ရက်နေ့တွင် မြန်မာနိုင်ငံသားတဦး သယ်ဆောင်လာသည့် မြန်မာကျပ်ငွေစက္ကူ ၁,၇၅,၀၀,၀၀၀ နှင့် မြန်မာနိုင်ငံသူ အမျိုးသမီးသုံးဦး ထံမှ ၃၄၆,၀၇၀,၀၀ စုစုပေါင်း ၅၂၁,၀၇၀,၀၀ (သိန်းငါးရာကျော်) ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။“သတင်းရတဲ့အတွက် စောင့်ဖမ်းတာ လို့ ကြားရတယ် ။ သူတို့နိုင်ငံထဲမှာ နိုင်ငံခြားငွေကို တရားဝင်ကိုင်လို့မရဘူးလေ ၊ ကျွန်တော်တို့လူတွေက သတိထားသင့်တယ်” ဟု မီဇိုရမ်ရှိ မြန်မာ နိုင်ငံသားတဦးက ပြောသည်။

news-view-count-icon

12