၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၉၇၃,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးဝင်းညွန့်က ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက်၌ ပြောသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ ၁.၀၆ သန်းဝင်ရောက်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးသွားကြောင်း ဦးမျိုးဝင်းညွန့်၏ ပြောကြားချက်အရ သိရသည်။ “တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံက ခရီးသွားဧည့်သည်တွေက အဓိက လာကြပါတယ်။ မနှစ်ကနဲ့ ယှဉ်ရင်တော့ ၈ ရာခိုင်နှုန်းလောက်လျော့တယ်။ ကျွန်တော်တို့က ၈ ရာခိုင်နှုန်းလျော့တယ်ဆိုပေမဲ့ ဗီဇာနဲ့ ဝင်တဲ့ ခရီးသွားဧည့်သည်တွေကတော့ တိုးတယ်။ နယ်စပ်မှာဝင်တဲ့ ဧည့်သည်ကတော့လျော့သွားတယ်” ဟု ဦးမျိုးဝင်းညွန့်ကပြောသည်။


