ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်သုံးခုသည် မဟာဗျူဟာမြောက် မဟာမိတ်တက္ကသိုလ်များအဖြစ် ဖွဲ့စည်းလိုက်ကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ယခု ပူးပေါင်းဆောင်ရွက်မှုကြောင့် တက္ကသိုလ်သုံးခုအကြား အကန့်အသတ်များ မရှိတော့ဘဲ ကျောင်းသားများအနေဖြင့် တက္ကသိုလ်သုံးခုလုံးတွင် ပညာရပ်များ သင်ယူခွင့် ရရှိမည်ဖြစ်သည်။ယင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ရန်အတွက် ခိုင်မာသော မဏ္ဍိုင်တစ်ခုအဖြစ် ပူးပေါင်းရပ်တည်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ထိုင်းနိုင်ငံရှိ မဟီဒေါ၊ ချူလာလောင်ကွန်းနှင့် ချင်းမိုင်တက္ကသိုလ်တို့သည် "MC² Tri-University Partnership" အဖြစ် စတင်ပူးပေါင်းကြောင်း မကြာသေးမီက ကြေညာလိုက်သည်။



