မလေးရှားနိုင်ငံတွင်UNHCR ကတ် အတုပြုလုပ်မှုအပါအဝင် စွဲချက် ၁၇ ခုဖြင့် တရားစွဲခံရသည့် မြန်မာနိုင်ငံသား ထောင်ဒဏ် ၁၃ နှစ် ခုနစ်လ ချမှတ်ခံရကြောင်း Malaysiagazette က သတင်းဖော်ပြသည်။ထောင်ဒဏ်ချမှတ်ခံရသူမှာ အသက် ၅၃ နှစ်အရွယ်ရှိ စန်းလွင်ဆိုသူဖြစ်ပြီး UNHCR ကတ်အတုပြုလုပ်ခြင်း၊ အခြားသောစာရွက်စာတမ်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး စွဲချက် ၁၇ ချက်ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။စွဲချက်များနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ က ဝန်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တရားရုံးတွင် စကားပြန်က စွဲချက်များကို ဖတ်ကြားပြီး တရားခံက အပြစ်ရှိကြောင်းဝန်ခံခဲ့ကာ တရားသူကြီးက ထောင်ဒဏ် ၁၆၅ လ (၁၃ နှစ် ခုနစ်လ) ချမှတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။



