ထိုင်းနိုင်ငံ နွန်သဘူရီက ကလေးတစ်ဦးဟာ အသက် ၁၃ ထဲက အမေက စွန့်ပစ်သွားလို့ တစ်ယောက်တည်းနေ၊ ကိုယ်တိုင်လုပ်ကိုင်စားသောက်ရတဲ့ ဖြစ်ရပ်က ထိုင်းမီဒီယာတွေကြားနာမည်ကြီးနေပါတယ်။အမေက တခြားဒေသတစ်ခုမှာ အလုပ်လုပ်ရမယ်ဆိုပြီး သူ့ကိုစွန့်ပစ်သွားတဲ့နောက် အထီးကျန်ဖြစ်သွားပြီး ထမင်းဆိုင်တစ်ဆိုင်မှာ ပန်းကန်ဆေးလုပ်ရင်း တစ်လ ၆,၀၀၀ ဝန်းကျင်ရှာ ဖြတ်သန်းခဲ့ပါတယ်။ သူ့ပညာရေးနဲ့ စားသောက်စရိတ်တွေကို ဒီငွေနဲ့ဖြေရှင်းခဲ့ပြီး၊ သူ့ ဘဝက မနက် ၇ ခွဲဆို ကျောင်းသွားဖို့ထ၊ နေ့လယ် ၃ ခွဲဆိုကျောင်းပြီး၊သူ အလုပ်လုပ်တဲ့ ပီဇာဆိုင်ကို ကျောင်းပြီးတာနဲ့သွား ည ၁၁ ခွဲအထိ အလုပ်လုပ်ပြီး Delivery တွေပို့ရင်း ဖြတ်သန်းခဲ့ပါတယ်။ သူဟာ အလုပ်ပြီးတာနဲ့ အိမ်ကို ပြန်လာပြီး မနက် ၁-၂ နာရီအထိ အိမ်စာလုပ်ပြီးမှ အနားယူတာပါ။ဒီကလေးရဲ့ အခန်းမှာဆို မွေ့ရာ၊ ပန်ကာနဲ့ ဟင်းချက်ဖို့ မီးဖိုတစ်ခုသာရှိပြီး ရေခဲသေတ္တာတောင်မရှိ၊ ထမင်းပေါင်းအိုးတောင်မရှိပါဘူး။ သူရဲ့ ရည်ရွယ်ချက်က ပညာကြိုးစား သင်ယူပြီး စစ်သားကြီးဖြစ်အောင်လုပ်၊ နိုင်ငံ့တာဝန် ထမ်းဆောင်ဖို့ပါတဲ့။ ဒီ သနားစရာဇာတ်လမ်းကို လေတပ်အရာရှိတစ်ဦးက မျှဝေခဲ့ပြီး သူ့အကြောင်းက သနားဖို့ကောင်းတာကြောင့် ထိုင်းတစ်နိုင်ငံလုံးက အလှူငွေတွေ ဝိုင်းပို့နေကြပါပြီ။ အခုဆို အလှူငွေ ဘတ် ၁ သန်းကျော်ရနေပြီး ဒီကလေးကတော့ သူ့အတွက် ရေခဲသေတ္တာနဲ့ ထမင်းပေါင်းအိုး အရင်ဝယ်မယ်လို့ပြောပြခဲ့ပါတယ်။ 
Jan 23 • 2:30 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


