back

ထိုင်းရဲကို ပ-စ်ခ-တ်ထွက်ပြေးတဲ့ မြန်မာ ၂ ဦးကို KNLA ဖ-မ်းဆီးပြီး ထိုင်းလက်အပ်

Jan 23 • 2:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရဲကို ပ-စ်ခ-တ်ထွက်ပြေးတဲ့ မြန်မာ ၂ ဦးကို KNLA ဖ-မ်းဆီးပြီး ထိုင်းလက်အပ်

ထိုင်းနိုင်ငံရဲ့Tak ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ‌ေ-သနတ်နဲ့ပ-စ်ခ-တ်ပြီး ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖ-မ်းဆီးရမိပြီးနောက် အခင်းဖြစ်ပွားရာနေရာမှာ ...

ထိုင်းနိုင်ငံရဲ့Tak ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ‌ေ-သနတ်နဲ့ပ-စ်ခ-တ်ပြီး ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖ-မ်းဆီးရမိပြီးနောက် အခင်းဖြစ်ပွားရာနေရာမှာ အမှုပြန်လည်သရုပ်ပြသခဲ့ပါတယ်။ Naing Reung နဲ့ Min Zaw Thu တို့ဟာ မဲဆောက် ရဲစခန်း က ရဲတပ်ကြပ် Seksan Kanka ကို ‌ေ-သနတ်ဝယ်ယူဖို့ ချိန်းဆိုရာကနေ ပ-စ်ခ-တ်ခဲ့တာဖြစ်ပြီး သူတို့ကတော့ လန့်ပြီး မတော်တဆ ပ-စ်ခ-တ်မိတာလို့ ထွက်ဆိုထားပါတယ်။

ဖြစ်စဉ်အသေးစိတ်ကတော့ ရဲတပ်ဖွဲ့ဝင်တွေက ‌ေ-သနတ်ဝယ်ယူမယ့်အကြောင်း အရပ်ဝတ်နဲ့ ချိန်းဆိုခဲ့ပြီး Mae Sot-Umphang လမ်းမပေါ်က စတိုးဆိုင်အနီးမှာ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ Min Zaw Thu ကို အရင်ဖ-မ်းဆီးနိုင်ခဲ့ပေမယ့် ‌ေ-သနတ်သမား Naing Reung ကတော့ ဖ-မ်းဆီးဖို့လုပ်ဆောင်နေစဉ်မှာ ရဲတပ်ဖွဲ့ဝင်ရဲ့ ဝမ်းဗိုက်ကို ပ-စ်ခ-တ်ပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ပ-စ်ခ-တ်မှုဖြစ်ပြီးနောက် တရားခံဟာ ကြံခင်းတွေထဲကနေတဆင့် ထွက်ပြေးခဲ့ပြီး ‌ေ-သနတ်ကို ဝှက်ထားခဲ့ကာ Moei မြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်း မြဝတီကို ဝင်ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာဘက်ခြမ်းက KNLA တပ်ဖွဲ့ဝင်တွေက ဖ-မ်းဆီးပြီး မဲဆောက် ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာကြောင့် အခုလို အရေးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကတော့ ခွဲစိတ်ကုသမှု ခံယူပြီးနောက် စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်သွားပြီလို့ သိရပါတယ်။ ဖ-မ်းဆီးရမိသူ ၂ ဦးကိုတော့ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု၊ လက်နက်အသုံးပြုပြီး ခုခံမှု၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်း လက်ဝယ်ထားရှိမှုတွေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။


news-view-count-icon

20