ထိုင်းနိုင်ငံမှာ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ် မကျော့ကျော့ဝေ (၂၈)နှစ်ကို သတ်သွားတဲ့အမျိုးသားကို ဒီကနေ့ညမှာ ဖမ်းမိပြီလို့ သိရပါတယ်။မကျော့ကျော့ဝေကို သတ်သွားတဲ့ မာန်အောင်မြို့နယ်၊ ပန်းခြံကျေးရွာဇာတိ ဦးကျော်မင်းနိုင်(၃၇)နှစ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်၊ ည ၉ နာရီခွဲလောက်မှာ ထိုင်းနိုင်ငံ၊ ဟန်ယိုင်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ မကျော့ကျော့ဝေနာရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က ပြောပါတယ်။“ကျနော်တို့ မနေ့က နေ့ခင်း ၂ နာရီလောက်ကနေ ပလိပ်တွေကို ဖမ်းခိုင်းတယ်။ လိုကေးရှင်းချပေးပြီးဖမ်းခိုင်းတယ်။ ဒါပေမဲ့ ပလိပ်က နောက်ကျတယ်။ ၂ နာရီလောက်မှ ကျနော်တို့သွားတယ်။ ဒါပေမဲ့ မမိလိုက်ဘူး။ သူ နေရာရွှေ့သွားတယ်။ အဲဒါကြောင့် ဒီအချိန်လောက်အထိကြာသွားတယ်ပေါ့နော်”လို့ ပြောပါတယ်။



