ထိုင်းနိုင်ငံ၌ဝက်အူလှည့်နဲ့ ထိုးသ-တ်မှုကျူးလွန်ခဲ့တဲ့ အမှုကတော့ ပြီးပြတ်သွားပြီ ဖြစ်ပါတယ်။ Sakae Ngam မှာ အခန်းငှားပြီး အတူနေထိုင်ခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ ပြန်လည်ပေါင်းထုတ်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တာကြောင့် ရက်ရက်စက်စက် သ-တ်ဖြတ်ပြီး Sam Roi Yot ဘက်ကို ထွက်ပြေးပုန်းရှောင်နေတဲ့ တရားခံ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား Jomin Nai ကို ရဲတပ်ဖွဲ့က ဖ-မ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦး လမ်းခွဲရတဲ့ အကြောင်းရင်းကတော့ တရားခံရဲ့ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ အပြုအမူတွေကြောင့်လို့ သိရပါတယ်။ဒီဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး Bang Khun Thian ခရိုင်၊ Samae Dam ခရိုင်ခွဲ၊ Soi Sakae Ngam 14 မှာရှိတဲ့ အခန်းတစ်ခန်းထဲမှာ အသက် ၂၈ နှစ်အရွယ် မြန်မာ ရွှေ့ပြောင်းလုပ်သားအမျိုးသမီး Chow Chow ေ-သဆုံးနေကြောင်း Samae Dam ရဲစခန်း က သတင်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ ေ-သဆုံးသူရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးရာမှာ ဝမ်းဗိုက်မှာ ဝက်အူလှည့်နဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာ ၃ ချက်နဲ့ လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် အသက်ရှူကြပ်ပြီး ေ-သဆုံးခဲ့ရတာ ဖြစ်ပါတယ်။ကနဦးစစ်ဆေးချက်တွေအရ တရားခံ Jomin Nai ဟာ လောင်းကစား အကြီးအကျယ် စွဲလမ်းနေတာကြောင့် လမ်းခွဲပြတ်စဲခဲ့ရပြီး အခင်းဖြစ်ပွားတဲ့နေ့မှာ ပြန်လည်ပေါင်းထုတ်ဖို့ လာရောက်ပြောဆိုရာကနေ စကားများရန်ဖြစ်ပြီး အခုလို သ-တ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ လူသ-တ်မှုကျူးလွန်ပြီးနောက် ေ-သဆုံးသူရဲ့ ဖုန်းကိုယူဆောင်ပြီး Prachuap Khiri Khan ပြည်နယ်၊ Amphoe Sam Roi Yot ၊ Tambon Silaloi ၊ Ban Lad Witi ဘက်ကို ထွက်ပြေးသွားခဲ့တာကို နည်းပညာအကူအညီနဲ့ စုံစမ်းသိရှိခဲ့ရပါတယ်။Sam Daeng ရဲစခန်း နဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေခဲ့ရာမှာတော့ Silaloy Subdistrict ၊ Moo 5 ၊ Soi Nong Bua မှာ ပုန်းအောင်းနေတဲ့ တရားခံကို သက်ေ-သခံပစ္စည်းတွေနဲ့အတူ ဖ-မ်းဆီးရမိခဲ့ပါတယ်။ တရားခံကလည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့တဲ့အတွက် သူ့ကို Sam Daeng ရဲစခန်း ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရှိ Sakae Ngam မှာချစ်သူကောင်မလေးကို ဝက်အူလှည့်နဲ့ထိုးသ-တ်သွားတဲ့ မြန်မာနိုင်ငံသားကို ဖ-မ်းမိခဲ့
Jan 23 • 2:21 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


