ရခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကိုတည်ထားခဲ့တဲ့ နှစ် ၂၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယမန်နေ့ မနက်မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်ဇန်နဝါရီလ ၂၂ ရက်၊ မနက်ပိုင်းမှာ စစ်တွေမြို့၊ ဝင်္ကဘာကွင်းမှာ ပြည်နယ်ကော်မရှင်ကဦးဆောင်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ကော်မရှင်က တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ ဒေသခံတွေ၊ စုစုပေါင်း လူဦးရေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြတယ်လို့ မြို့ခံအမျိုးသားတစ်ယောက်ကပြောပါတယ်။"အလှယာဉ်တွေနဲ့ လှည့်တယ်၊ ကံစမ်းမဲတွေ နှိုက်တယ်၊ ပြီးရင် ချောတိုင်တတ်ပွဲတွေပါတယ်။ လူတွေထောင်နဲ့ချီ ရောက်တယ်။ တအားစည်တယ်" လို့ ပြောပါတယ်။
| 16 | 0 | 0 | 0 |


