back

ထားဝယ်မြစ်အတွင်း သက်တမ်းရင့် ဆင်ဖြူပြင်ဆိပ်ခံဘော ရေဝင်နစ်မြုပ်နေ

Jan 23 • 2:04 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်မြစ်အတွင်း သက်တမ်းရင့် ဆင်ဖြူပြင်ဆိပ်ခံဘော ရေဝင်နစ်မြုပ်နေ

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာ ထားဝယ်မြစ်အတွင်းရှိသော ဆင်ဖြူပြင်ဆိပ်ခံဘောသည် ယမန်နေ့ ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ရေဝင်...

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာ ထားဝယ်မြစ်အတွင်းရှိသော ဆင်ဖြူပြင်ဆိပ်ခံဘောသည် ယမန်နေ့ ဇန်နဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ရေဝင်နစ်မြုပ်သွားကြောင်း ထားဝယ်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရသည်။ဆင်ဖြူပြင်ဆိပ်ခံဘောသည် အလျား ၃၀ ပေ ၊အနံ၂ ၀ ပေ၊ အမြင့် ၆ ပေရှိပြီး ယနေ့ နံနက် ၁ နာရီကျော်တွင် ရေဝင်ပြီး နစ်မြုပ်သွားကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“ရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဆယ်ဖို့လုပ်နေပါတယ်။ ဘောက နှစ်ပေါင်းကြာနေပြီဆိုတော့ ဆွေးနေပါပြီ” ဟု ၎င်းက ပြောဆိုသည်။ဆင်ဖြူပြင် ဆိပ်ခံဘောတံတားကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ခရီးသည်များနှင့် ကုန်စည် ပို့ဆောင်ရေးသင်္ဘောများ ဝင်ထွက် ဆိုက်ကပ်ရာတွင် အသုံးပြုသည့် တံတားတစ်စင်းဖြစ်သည်။

news-view-count-icon

18