back

နေပြည်တော်တွင် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို အာဟာရပြည့်ဝသည့် အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးမြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့

Jan 23 • 1:47 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို အာဟာရပြည့်ဝသည့် အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးမြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးတောင်သူအခြေပြု စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန် သတ္တဝါ (ဒေသနွား၊ သိုး၊ ဆိတ်) များအတွက် အာဟာရပြည့်ဝသည့်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးကို မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည်။ယခုစီမံကိန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု ကြိုပင်ရွာ၊ သပြေပင်ရွာနှင့် ရှားစီးဖိုကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူသူတောင်သူများအတွက် မိမိတို့ပတ်ဝန်းကျင်မှရရှိသော စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများကို အရည်အသွေးကောင်းမွန်သော အစာကြမ်းအဖြစ် ပြုပြင်နည်းများ၊ ဖြည့်စွက်စာပြုလုပ် ကျွေးမွေးနည်းပညာများကို မွေးမြူရေးတောင်သူများသို့ ဖြန့်ဝေပေးပြီး လက်တွေ့လုပ်ဆောင်ကျွေးမွေးစေကာ မွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက် စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွင် အဓိကကျသော အရည်အသွေးကောင်းမွန်သည့် အစာကြမ်းရရှိအောင် ပြုပြင်နည်းလမ်းများကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

29