မြန်မာ -ထိုင်းနယ်စပ် မြဝတီဒေသ ကျားဖြန့်လုပ်ငန်း ပပျောက်ရေးဆောင်ရွက်လျှက်ရှိရာ လောင်းကစားရုံများနှင့် ကျားဖြန့်လုပ်ငန်းခွင်များမှ ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသား (၂၈၆)ဦး အား ဇန်နဝါရီလ ၂၂ ရက် နံနက်က မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း တရုတ်နိုင်ငံသား (၃၀၀)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၉၁)ဦး၊ စုစုပေါင်း(၃၉၁)ဦးအား မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ရာ China Southern Airline ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ခေါ်ဆောင်သွားခဲ့သည်။



