Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-14 ပွဲစဉ်တစ်ပွဲဖြစ်သည့်ယနေ့ညနေက သုဝဏ္ဏကွင်းတွင် Yadanarbon အသင်းနှင့် Yarmanya Utd အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး တစ်ဘက်တစ်ဂိုးစီဖြင့်သရကျခဲ့ပြီးအဆိုပါ ပွဲစဉ်၏ AYA Pay Man Of The Match ဆုကို Yadanarbon အသင်းမှ ကျောနံပါတ် (၉) မျိုးဇော်ဦး ကရရှိခဲ့သည်။
AYA Pay Man Of The Match အကောင်းဆုံးကစားသမားဆုအတွက် အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်းရရှိပြီး ယင်းဆုကို အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်းကြီး ဦးတင်အောင် (ဂိုး) ကချီးမြှင့်ပေးခဲ့သည်။



