ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေ ကားဆက်တိုက် ခိုးယူခံနေရပြီး အရေးယူပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ ဇန်နဝါရီလအစပိုင်းကစပြီး ဇန်နဝါရီတတိယအပတ်အထိ လားရှိုးမြို့တွင်းမှာ ကား ၅ စီးထက်မနည်း ခိုးယူခံရပြီး လက်ရှိအချိန်အထိ ကားခိုးယူသူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ကားခိုးယူခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။သူခိုးတွေဟာ လမ်းပေါ်မှာထားတဲ့ ကားတွေကို ခိုးယူတာရှိသလို နေအိမ်ထဲမှာ မျက်နှာဖုံးစွပ်ပြီး အုပ်စုလိုက် ဝင်ရောက်ခိုးယူတာတွေရှိတယ်လို့ သိရပါသည်။



