ထိုင်းဘုရင့်လေတပ် (Royal Thai Air Force - RTAF) ၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Marshal Sakesan Kantha သည် ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ Evgeny Tomikhin တို့ ယနေ့တွင်ထိုင်းလေတပ်ဌာနချုပ်ရှိ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းဘုရင့်လေတပ်နှင့် ရုရှားလေတပ် လက် အောက်ရှိ အာကာသတပ်ဖွဲ့ (Russian Aerospace Forces) တို့ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချဉ်းကပ်မှုလမ်းကြောင်းများအား ဆွေးနွေးခဲ့ကြကြောင်း RTAF က ဆိုသည်။ ထို့ပြင် နှစ်နိုင်ငံကြား ရေရှည်တည်တံ့သော ဆက်ဆံရေးဖြစ်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



