back

တရုတ်တွင် ဒေါ်လာဘီလီယံ ၁၀၀ ကျော်တန် ရွှေသိုက်ကြီး တွေ့ရှိ

Jan 22 • 5:28 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်တွင် ဒေါ်လာဘီလီယံ ၁၀၀ ကျော်တန် ရွှေသိုက်ကြီး တွေ့ရှိ

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်မှာရှိတဲ့ ဝမ်ကု(Wangu)ရွှေတွင်းနယ်မြေမှာ ဒေါ်လာဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိနိုင်တဲ့ အလွန်ကြီးမားတဲ့ ရွှေသိုက်ကြီးတစ်ခုကို ဘူမ...

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်မှာရှိတဲ့ ဝမ်ကု(Wangu)ရွှေတွင်းနယ်မြေမှာ ဒေါ်လာဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိနိုင်တဲ့ အလွန်ကြီးမားတဲ့ ရွှေသိုက်ကြီးတစ်ခုကို ဘူမိဗေဒပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ဒီရှာဖွေတွေ့ရှိမှုဟာ တရုတ်နိုင်ငံရဲ့ သတ္တုတူးဖော်ရေးသမိုင်းမှာ ထူးခြားတဲ့မှတ်တိုင်တစ်ခုဖြစ်သလို ကမ္ဘာ့ရွှေဈေး ကွက်ကိုပါ လှုပ်ခတ်စေခဲ့တဲ့ သတင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဟူနန်ပြည်နယ် ဘူမိဗေဒဗျူရိုရဲ့ အဆိုအရ အဲဒီ ရွှေသိုက်ဟာ မြေမျက်နှာပြင်အောက် မီတာ ၂,၀၀၀ ခန့်အနက်မှာ တည်ရှိပြီး ရွှေကြောပေါင်း ၄၀ ကျော် စုဝေးနေ တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရွှေသတ္တုတန်ချိန် ၃၀၀ လောက်ရှိတယ်လို့ အတည်ပြုပြီးဖြစ်ပေမဲ့ ခေတ်မီ 3D ပုံရိပ်ဖော်နည်းပညာ တွေနဲ့ တွက်ချက်မှုအရ မြေအောက်အနက် ၃,၀၀၀ မီတာအထိမှာ စုစုပေါင်း ရွှေတန်ချိန် ၁,၀၀၀ ကျော်အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီပမာဏဟာ လက်ရှိပေါက်ဈေးအရ တရုတ်ယွမ်ငွေ ဘီလီယံ ၆၀၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့်) တန်ဖိုးရှိတာကြောင့် "စူပါဂျိုင်းရန့်" (Supergiant) အဆင့်ရှိ ရွှေသိုက် ကြီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့ရွှေဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေချိန်မှာ ပေါ်ထွက်လာတာဖြစ်လို့ တရုတ် နိုင်ငံအတွက် မဟာဗျူဟာမြောက် အကျိုးအမြတ်တွေ အများကြီး ရရှိစေမှာ သေချာပါတယ်။



news-view-count-icon

13