မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(YRYEA)တို့နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ၂၀ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။ယင်း အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းYRYEA ဥက္ကဋ္ဌ ဦးသူရိန်အောင်ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ ဥက္ကဋ္ဌဦးရှိန်ဝင်းနှင့် အထွေထွေအတွင်းရေးမှူးချုပ်မှလည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းYRYEA မှ ဥက္ကဋ္ဌ သူရိန်အောင်နှင့်အထွေထွေအတွင်းရေးမှူးချုပ် ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း YRYEA နှင့်အသင်း ၁၀ သင်း၊ ဘဏ်သုံးဘဏ်၊ကျောင်း ၁၁ ကျောင်းတို့မှ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။



