အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့၌ပါဝင်ရန် သဘောတူညီချက်တစ်ရပ်ကို ဘီလာရုစ်သမ္မတ လူကာရှန်ကိုကဇန်နဝါရီ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။သမ္မတဒေါ်နယ်ထရန့်၏ ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရေးအတွက် အမေရိကန်အစိုးရက ရုရှားသမ္မတ ပူတင်နှင့် ဘီလာရုစ်သမ္မတလူကာရှန်ကိုတို့ကို ဖိတ်ခေါ်ထားသည်။အမေရိကန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရေးသဘောတူညီချက်ကို သမ္မတလူကာရှန်ကိုကဇန်နဝါရီ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဘီလာရုစ်သမ္မတရုံးကသတင်းထုတ်ပြန်ထားသည်။ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် ဘီလာရုစ်သမ္မတ ပါဝင်လာခြင်းသည် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသောဘီလာရုစ်နိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်နီးစပ်လာသည့်သဘောကို ပြသလျက်ရှိသည်။



