ရှမ်းပြည်တောင်ပိုင်း၊ ကွန်လုံကျေးရွာအုပ်စုတွင် ဇန်နဝါရီ ၁၉ ရက်ညက မီးလောင်မှုဖြစ်ခဲ့ပြီး တောမီးရှို့သူကို မဖမ်းမိသေးဘဲ စိုက်ပျိုးခင်း တစ်ဧကလျှင် ကျပ်သိန်း ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။ယခုကဲ့သို့ မီးလောင် ပျက်စီးသွားခြင်းကြောင့် တောင်သူများအနေဖြင့် လာမည့်နှစ်တွင် မိသားစု စားဝတ်နေရေး အတွက် စိုးရိမ်ကြရကြောင်း ၎င်းက ဆက်ပြောသည်။တောင်သူများ စိုက်ပျိုးထားသော ပြောင်း၊ ပဲစင်းငုံခြံတချို့သည် အကြွေးယူပြီး စိုက်ထားသဖြင့် မီးလောင်သွားသောကြောင့် အရင်းနှီး ဆုံးရှုံးသည့်အပြင် အကြွေးမဆပ်နိုင်သည့် အခက်ခဲ ဖြစ်နေကြရကြောင်း ဒေသခံများက ဆိုသည်။ပုန်းအင်းကျေးရွာ တစ်ဝိုက်တွင် စိုက်ပျိုးရေး သိမ်းချိန်ဖြစ်သော ယခုလို ဆောင်းရာသီတွင် တောင်းယာကွင်း ဧရိယာအတွင်း စိုက်ပျိုးရေး အကြွင်းအကျန်များကို မီးရှို့ခြင်း ခွင့်မပြုသော်လည်း စည်းကမ်းမဲ့ မီးရှို့သူများကြောင့် ပြောင်း၊ ပဲစင်းငုံခြံများ နှစ်စဉ် မီးလောင်ပျက်စီးရကြောင်း ဒေသခံများက ပြောသည်။
တောင်ကြီး၊ ပုန်းအင်းရွာ၌ ပြောင်းနှင့် ပဲစင်းငုံ ဧက ၅၀ကျော် တောမီးလောင်မှုေကြာင့် ပျက်စီးဆုံးရှုံးခဲ့ရ
Jan 22 • 2:59 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 40 | 0 | 0 | 0 |


