back

စင်ကာပူမှာ ပထမဆုံးအကြိမ် Takata လေအိတ်ချို့ယွင်းချက်ကြောင့် လူသေဆုံးမှုဖြစ်ပွား

Jan 22 • 2:58 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူမှာ ပထမဆုံးအကြိမ် Takata လေအိတ်ချို့ယွင်းချက်ကြောင့် လူသေဆုံးမှုဖြစ်ပွား

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ The Straits Times သတင်းဌာနရဲ့ ဖော်ပြချက်အရ စင်ကာပူနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုအတွင်း ကားမောင်းသူ သ...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ The Straits Times သတင်းဌာနရဲ့ ဖော်ပြချက်အရ စင်ကာပူနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုအတွင်း ကားမောင်းသူ သေဆုံးခဲ့ရတဲ့ အကြောင်းရင်းဟာ ကားထဲမှာ တပ်ဆင်ထားတဲ့ Takata အမျိုးအစား လေအိတ် (Airbag) ချို့ယွင်းချက်ကြောင့် ဖြစ်တယ်လို့ တရားရုံးက အတည်ပြုလိုက်ပါတယ်။အသက် ၅၇ နှစ်အရွယ် Mr Michael Ong Kong Meng ဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်မှာ Seletar Expressway လမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကား ၆ စီးဆင့်ကဲတိုက်မှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို တိုက်မိချိန်မှာ စတီယာရင်ထဲက လေအိတ်ပွင့်ထွက်လာခဲ့ပေမဲ့ လေအိတ်ရဲ့ ချို့ယွင်းချက်ကြောင့် အတွင်းက သတ္တုစတစ်ခုဟာ အရှိန်ပြင်းပြင်းနဲ့ လွင့်စင်လာပြီး သူ့ရဲ့ ဦးခေါင်းကို ဖောက်ဝင်သွားခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာ စင်ကာပူနိုင်ငံမှာ ချို့ယွင်းချက်ရှိတဲ့ Takata လေအိတ်ကြောင့် လူ6‌သဆုံးမှုဖြစ်ပွားခဲ့တဲ့ ပထမဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ တရားရုံးရဲ့ စစ်ဆေးချက်အရ Mr Ong မောင်းနှင်တဲ့ကားဟာ ၂၀၀၉ ခုနှစ်မှာ မှတ်ပုံတင်ထားတာဖြစ်ပြီး လက်ရှိမှာ လုပ်ငန်းရပ်နားသွားပြီဖြစ်တဲ့ Hong Sin Motors က တင်သွင်းခဲ့တာဖြစ်ပါတယ်။

news-view-count-icon

9