back

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကျောင်းထိုင်ဘုန်းကြီးအပ်နှံ ပွဲမှ ဂိုဏ်းဆရာတော်ကြီးများအား ၊မကျေနပ်သူများက ကျောင်းတံခါးသော့ပိတ် ပြီး ပြန်ခွင့်မပေး

Jan 22 • 2:53 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကျောင်းထိုင်ဘုန်းကြီးအပ်နှံ ပွဲမှ ဂိုဏ်းဆရာတော်ကြီးများအား ၊မကျေနပ်သူများက ကျောင်းတံခါးသော့ပိတ် ပြီး ပြန်ခွင့်မပေး

ပေါင်မြို့နယ်သဲကုန်းကျေးရွာ မွန်ကျောင်းကြီး၏ကျောင်းထိုင်ဆရာတော်ခန့်အပ်မှုကို ဂိုဏ်းပိုင်ဆရာတော်ကြီးများမှ မြို့နယ်သံဃနာယကအဖွဲ့ခွင့်ပြုချက်ဖြင့် ဇန္န ဝါရီ ၂၁ ရက်...

ပေါင်မြို့နယ်သဲကုန်းကျေးရွာ မွန်ကျောင်းကြီး၏ကျောင်းထိုင်ဆရာတော်ခန့်အပ်မှုကို ဂိုဏ်းပိုင်ဆရာတော်ကြီးများမှ မြို့နယ်သံဃနာယကအဖွဲ့ခွင့်ပြုချက်ဖြင့် ဇန္န ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ခဲ့သည်။ကျောင်းအပ်နှံမှုပြီးစီး၍ ဆရာတော်ကြီးများပြန်ကြွရန် စီစဥ်နေစဥ် ထိုအခမ်းအနားအား မကျေနပ်သူလူအချို့က ကျောင်းအဝင်အဝ ဘာဂျာတံခါးအား

သော့ခတ်ပိတ်ဆို့ထားပြီး ပြန်ခွင့်မပေးခဲ့ကြရာသတင်းသမားအချို့နှင့် ဝန်ထမ်းအချို့ပါပိတ်မိနေခဲ့သည်။ကျေးရွာ အုပ်ချုပ်ရေးမှုး၏ညှိနှိုင်းပေးမှုဖြင့်ညနေ ၄နာရီ အချိန်၌ သတင်းသမားအချို့နှင့်ဝန်ထမ်းများအားထွက်ခွင့်ပေးလွတ်မြောက်ခဲ့သော်လည်းဂိုဏ်းပိုင်ဆရာတော်များ သံဃနာယကအဖွဲ့မှဆရာတော်များမှာ ကျောင်းပေါ်၌ ပိတ်မိနေကြဆဲ ဖြစ်သည်။

news-view-count-icon

27