ဘန်ကောက် ကျန်းမာရေး အာဏာပိုင်တွေဟာ mpox (မျောက်ကျောက်ရောဂါ) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် လုပ်နေကြပါပြီ။ မြို့တော်ပိုင် ဆေးရုံအားလုံးကိုလည်း စောင့်ကြည့်မှုများ အရှိန်မြှင့်ရန်နှင့် သံသယဖြစ်ဖွယ်လူနာများကို အမြန်ဆုံး သီးခြားခွဲထားရန် ညွှန်ကြားထားကြောင်း အရာရှိတစ်ဦးက ပြောပါတယ်။ဆေးဘက်ဆိုင်ရာဦးစီးဌာနက ညွှန်ကြားရေးမှူး Kriengkrai Tangjitramaneesakda က ဌာနအနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) လက်အောက်ရှိ ဆေးရုံအားလုံးရှိ အရေးပေါ်ဌာနများနှင့် ပြင်ပလူနာဌာနတွေမှာ လူနာတွေကို စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ၊ အရေပြားရောဂါနှင့် အိတ်ခ်ျအိုင်ဗွီ (HIV) စောင့်ရှောက်မှုဆိုင်ရာ အထူးကုဆေးခန်းများကိုလည်း သတိပေးနှိုးဆော်ထားသည်။သံသယရှိသူတွေကို မြို့ပြရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အစည်း (Urban Disease Prevention and Control Institute) မှတစ်ဆင့် ဓာတ်ခွဲခန်းအတည်ပြုချက်ရယူမှာဖြစ်ပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ စီစဥ်နေပါတယ် ။ သီရိဒုံဆေးရုံ (Sirindhorn Hospital) ကို mpox ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနအဖြစ် သတ်မှတ်ထားပါတယ်။
| 16 | 0 | 0 | 0 |


