back

အိန္ဒိယ-မြန်မာနယ်စပ်က နေရပ်စွန့်ခွာရသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကူညီထောက်ပံ့

Jan 22 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိန္ဒိယ-မြန်မာနယ်စပ်က နေရပ်စွန့်ခွာရသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကူညီထောက်ပံ့

အိန္ဒိယ-မြန်မာနယ်စပ်၊ ကူကီးဒေသက နေရပ်စွန့်ခွာရသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော အခြေခံ စားနပ်ရိ က္ခာများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်...

အိန္ဒိယ-မြန်မာနယ်စပ်၊ ကူကီးဒေသက နေရပ်စွန့်ခွာရသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော အခြေခံ စားနပ်ရိ က္ခာများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကူကီးဒေသ ကျေးရွာတစ်ရွာရှိ ပြည်သူများအား အခြေခံစားနပ်ရိက္ခာများ နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၄ ဦးအတွက် မီးဖွားရာတွင် လိုအပ်သည့် မွေးထုပ် ပစ္စည်းများ၊ တပိုင်တနိုင် စိုက်ပျိုး၍ရမည့် မျိုးစေ့များအား ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် သက္ကရာဇ် ၂,၀၀၀ ခုနှစ် စတင်ဖွဲ့စည်း ချိန်မှစပြီး ယနေ့ထိတိုင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကူကီးဒေသများတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ဖြစ်သည်။

news-view-count-icon

38