back

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ၊ ရည်းစားဟောင်းဖြစ်သူအား ရဲတပ်ဖွဲ့က နယ်စပ်အထိ ပိတ်ဆို့ရှာဖွေနေ

Jan 22 • 2:55 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ၊ ရည်းစားဟောင်းဖြစ်သူအား ရဲတပ်ဖွဲ့က နယ်စပ်အထိ ပိတ်ဆို့ရှာဖွေနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန် (Bang Khun Thian) ခရိုင်ရှိ အိမ်ငှားခန်းတစ်ခုအတွင်း မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး၊ တရားခံဟ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန် (Bang Khun Thian) ခရိုင်ရှိ အိမ်ငှားခန်းတစ်ခုအတွင်း မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး၊ တရားခံဟု ယူဆရသည့် ရည်းစားဟောင်းဖြစ်သူ မြန်မာအမျိုးသားကို ရဲတပ်ဖွဲ့က အမြန်ဆုံး ဖမ်းဆီးရမိရန် ကြိုးပမ်းနေသည်။ ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၁၀:၃၀ နာရီခန့်တွင် ဆမဲဒမ် (Samae Dam) ရဲစခန်းမှ တာဝန်ရှိသူများသည် ဆတ်မွန်ခွန်ချိုင် လမ်းသွယ် ၂ ရှိ အိမ်ငှားခန်းဝင်းတစ်ခုအတွင်း သေဆုံးမှုဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် မြန်မာလုပ်သား မခိုင်ခိုင်ဝေ (Ma Khine Khine Wai) ဖြစ်သည်။ ၎င်း၏ ရုပ်အလောင်းကို အခန်းထောင့်တွင် စောင်ဖြင့် ဖုံးအုပ်ထားလျက် တွေ့ရှိရပြီး၊ ဝမ်းဗိုက်တွင် ဝက်အူလှည့်ဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာ ၃ ချက်နှင့် လည်ပင်းညှစ်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသည်။ အခင်းဖြစ်ရာနေရာတွင် သွေးများပေကျံနေသည့် ၁ ပေခန့်ရှိ ဝက်အူလှည့်တစ်ချောင်းကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။အခင်းဖြစ်ပွားသည့်အချိန်တွင် အမျိုးသားဖြစ်သူ ရောက်ရှိလာပြီး အခန်းအတွင်း အပြင်းအထန် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ အခန်းနီးချင်းများက ကူညီရန် ကြိုးစားခဲ့သော်လည်း တံခါးမှာ အတွင်းမှ ဂျက်ထိုးထားသဖြင့် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ခေတ္တအကြာတွင် အသံတိတ်သွားသဖြင့် ပြေလည်သွားပြီဟု ထင်မှတ်ခဲ့ကြသော်လည်း နောက်တစ်နေ့ နံနက်တွင် မခိုင်ခိုင်ဝေ အလုပ်မတက်သဖြင့် လာရောက်ကြည့်ရှုရာမှ အပြင်မှ သော့ခတ်ထားသည့် အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

news-view-count-icon

17