၂၂.၁.၂၀၂၆ ရက်ယနေ့၊ ၀၇နာရီ ၅၉ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း(၁၅မိုင်၇ဖာလုံ)တွင် ကား(၁)မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။၀၈နာရီ ၀၉မိနစ် အချိန် မီးငြိမ်းပါသည်။



