ထိုင်းနိုင်ငံ၊ အဝေးပြေးရဲတပ်ဖွဲ့က တရားမဝင် လုပ်သားသယ်ဆောင်တဲ့ ဖြစ်စဉ် ၄ ခုကို ဖော်ထုတ်ခဲ့ပြီး ကားတွေထဲမှာ ကြပ်သိပ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈၃ ဦးကို ဖ-မ်းဆီးလိုက်ပါတယ်။ သူတို့ဟာ Samut Sakhon နဲ့ Chonburi ပြည်နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအရ ကန်ချနဘူရီ ပြည်နယ်၊ Sai Yok ခရိုင်မှာ အခုလို ဖ-မ်းဆီးရမိခဲ့တာ ဖြစ်ပါတယ် -ပထမအမှု: Isuzu D-Max ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၅ ဦးနဲ့ ယာဉ်မောင်း မွန်ဆန်း (မြန်မာနိုင်ငံသား) ကို ဖ-မ်းမိပါတယ်။ သူတို့ဟာ ရန်ကုန်ကနေ လာကြတာဖြစ်ပြီး ပွဲစားခ တစ်ဦးကို ၃၄,၀၀၀ ဘတ် ပေးခဲ့ရပါတယ်။ဒုတိယအမှု: Toyota Revo ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာလုပ်သား ၆ ဦးနဲ့ ယာဉ်မောင်း Cha ကို ဖ-မ်းမိပါတယ်။ မဟာချိုင်မှာ အလုပ်လုပ်ဖို့ သွားကြမှာဖြစ်ပြီး ပွဲစားခ ၇,၀၀၀ ဘတ် ပေးရတယ်လို့ ဆိုပါတယ်။တတိယအမှု: Ford Ranger ကားပေါ်ကနေ မြန်မာလုပ်သား ၂၇ ဦးနဲ့ ယာဉ်မောင်း Somkiat ကို ဖ-မ်းဆီးရမိပါတယ်။ တစ်ဦးကို ပွဲစားခ ၂၈,၀၀၀ ဘတ် ပေးဆောင်ခဲ့ရပါတယ်။စတုတ္ထအမှု: Isuzu D-Max ကားတစ်စီးကို စစ်ဆေးဖို့ လုပ်ဆောင်ရာမှာ ယာဉ်မောင်းက ထွက်ပြေးသွားခဲ့ပြီး ကားပေါ်မှာ မြန်မာလုပ်သား ၂၅ ဦး ကျန်ရစ်ခဲ့ပါတယ်။ သူတို့ဟာ တစ်ဦးကို ၃၇,၀၀၀ ဘတ် ပေးခဲ့ရတယ်လို့ ဝန်ခံပါတယ်။လက်ရှိမှာတော့ ဖ-မ်းဆီးခံရသူ မြန်မာလုပ်သား ၈၃ ဦးကို တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားသလို၊ သယ်ဆောင်ပေးသူတွေကိုလည်း တရားမဝင် ဝင်ရောက်သူတွေကို ကူညီပံ့ပိုးမှုနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်နေပါတယ်။



