မန်ယူ အသင်းက ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီ အပြီးနောက်နေ့မနက် ၈နာရီခွဲမှာ ထိုင်းနိုင်ငံ Dech Udom ရဲစခန်းက ရဲတွေက မန်ယူအင်္ကျီတွေ ဝတ်ပြီး ဆေးသမား ရာဇဝတ်သား မန်စီးတီးဖန်ကို ဝင်ဖမ်းခဲ့ပါတယ်။ ဒီလိုကို မက်သ်ဆေးပြား ၃ ပြားနဲ့ တွေ့ရပြီး ဆေးမှုနဲ့ အလိုရှိနေသူဖြစ်ပါတယ်။ ရဲတွေက ဝင်ဖမ်းပြီးတဲ့နောက်မှာတော့ "မန်ချက်စတာက အနီရောင်ကွ-Manchester is Red" ဆိုပြီး ပို့စ်တင်ကြွယ်ခဲ့ပါသေးတယ်။ မန်ယူဖန်တွေအတွက်တော့ ဒီရက်အပိုင်း အနိုင်တွေချည်းပဲဖြစ်ပြီး မန်စီးတီးဖန်တွေကတော့ ကံဆိုးနေတာပါပဲ။



