back

အယုဒ္ဓယတွင် ထိုင်းမျိုးချစ်များခြိမ်းခြာက်မှုကြောင့် မြန်မာလုပ်သားများ စိုးရိမ်ထိတ်လန့်

Jan 21 • 3:00 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အယုဒ္ဓယတွင် ထိုင်းမျိုးချစ်များခြိမ်းခြာက်မှုကြောင့် မြန်မာလုပ်သားများ စိုးရိမ်ထိတ်လန့်

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အယုဒ္ဓယခရိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆူညံပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုတာကြောင့်ဆိုပြီး ထိုင်းမျိုးချစ်ဝါဒီအဖွဲ့က သွားရ...

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အယုဒ္ဓယခရိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆူညံပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုတာကြောင့်ဆိုပြီး ထိုင်းမျိုးချစ်ဝါဒီအဖွဲ့က သွားရောက်အင်အားပြ ရိုက်နှက် ခြိမ်းခြောက် သတိပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားတွေ စိုးရိမ်နေပါတယ်။ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့၊ ဆင်ထိဝါးရပ်ကွက်ထဲမှာ မြန်မာလုပ်သားတွေ ဝင်‌ရောက်နေထိုင်ပြီး ညအချိန်မတော် ဆူညံသံပြုတာ၊ အရင်ဝိုင်းဖွဲ့သောက်စား စကားများငြင်းခုံတာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာတာ၊ ယဉ်ကျေးမှူမရှိတာ စတာတွေကြောင့် ပတ်ဝန်းကျင်အနှောင့် အယှက်ဖြစ်ရကြောင်း “တေ့အာချီဝ ” (အရပ်အခေါ် နှုတ်ခမ်းမွေး) ဆိုသူ ဦးဆောင်တဲ့အဖွဲ့ဟာ ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီလောက်က အဆိုပါရပ်ကွက်ထဲ‌ရောက်လာကာ အနီးနားရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်လောက်ကလည်း အဲဒီနားကို ဝိုင်းရံရောက်ရှိလာပြီးတော့ မြန်မာလုပ်သားတွေရဲ့ လုပ်ရပ်တွေကို တယောက်တပေါက် တိုင်တောကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။




news-view-count-icon

10