တရုတ်ကားကုမ္ပဏီ SAIC Motor က ၎င်း၏ MG အမှတ်တံဆိပ်အောက်ရှိ ဟိုက်ဘရစ်ကား မော်ဒယ်အသစ်ကို အစ္စရေးနိုင်ငံတွင် ရောင်းချမှုစတင်လိုက်ကြောင်း အစ္စရေးကားတင်သွင်းသူ Lubinsky Group က ကြေညာချက်တစ်စောင်၌ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါအလတ်စား crossover SUV MG S9 မော်ဒယ်သည် plug-in ဟိုက်ဘရစ် လျှပ်စစ်ကားမော်ဒယ်ဖြစ်ပြီး တရုတ်နိုင်ငံတွင်မူ Roewe RX9 အဖြစ် လူသိများသည်။ လူခုနစ်ယောက်စီးဖြစ်သော အဆိုပါကားတွင် ၁.၅ လီတာ ဓာတ်ဆီအင်ဂျင်နှင့် ကီလိုဝပ်နာရီ ၂၄.၄ ဘက်ထရီပါ လျှပ်စစ်မော်တာတို့ ပါဝင်ပြီး လျှပ်စစ်သီးသန့်အကွာအဝေး ကီလိုမီတာ ၁၀၀ အထိ မောင်းနှင်နိုင်ပြီး ပေါင်းစပ်အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ကျော် မောင်းနှင်နိုင်သည်။



