ပလက်ဝမြို့ ဆိပ်ကမ်းတွင် သွပ်ပြားအချပ် နှစ်ထောင်နီးပါး တင်ဆောင်ထားသော စက်လှေတစ်စီး ဇန်နဝါရီလ ၁၈ ရက်နေ့က ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ ဆိပ်ကမ်း၌ ရပ်နားထားစဉ် စက်လှေမှာ ဟောင်းနွမ်းမှုကြောင့် ပျဉ်ကြားကနေ ရေဝင်လာပြီး တစ်ဖက်စောင်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။ပလက်ဝမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အနီးအနားရှိ ဒေသခံပြည်သူများမှ စက်လှေနစ်မြှုပ်မှုကို ကယ်ဆယ်ပေးခဲ့ကြကြောင်းလည်း သိရသည်။



