ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - သိန္နီ - ကွမ်းလုံ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်မှာ တရုတ်ကုန်ကားတွေ နေ့တိုင်းနီးပါး ယာဥ်တိုက်မှုနဲ့ တိမ်းမှောက်မှုတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ် " ဝ " လူငယ့်အသံက သိရပါတယ်။" တရုတ်နံပါတ်ပြား တပ်ဆင်ထားတဲ့ တရုတ်ကာအနီတွေပဲ အများဆုံးမှောက်ကြတာ။ အရှိန်ကို မထိန်းနိုင်ကြ။ လမ်းကြောကမသိနဲ့ ဇွတ်မောင်းကြတာ။ မနေ့ကလည်း ဖာဆန်အကျော်နားနဲ့ ကွမ်းလုံ အထွက်ဘက်မှာ မှောက်တာကော တိုက်တာကောစုံနေတာပဲ" လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။မြန်မာဘက်ကနေ သတ္ထု၊ မီးသွေး၊ အခြေခံစားသောက်ကုန်၊ ကုန်ကြမ်းအမျိုးမျိုးကို သယ်ယူကာ တရုတ်ပြည် နယ်စပ် ချင်းရွှေဟော်ကတစ်ဆင့် ဖြတ်သန်းသွားလာကြတဲ့ကားတွေ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့ လတွေထဲမှာလည်း သိန္နီမှာ ဆီသယ်တဲ့ကားကနေ ဆီတွေယိုဖိတ်ခဲ့တာကြောင့် လမ်းချော်ပြီး ကား ၃ စီးရှေ့ဆင့် နောက်ဆင့်တိုက်မိခဲ့တဲ့ ဖြစ်စဥ်အပြင် ကြံကားကြီးတွေ တိမ်းမှောက်တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
လားရှိူး - သိန္နီ - ကွမ်းလုံ ပြည်ထောင်စု လမ်းတစ်လျှောက် တရုတ်ကားကြီးတွေ နေ့တိုင်းနီးပါး ယာဥ်တိုက်မှုနဲ့ တိမ်းမှောက်မှုဖြစ်ပွား
Jan 21 • 3:04 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


