back

ထိုင်းရောက် မြန်မာတွေဆီက ဘတ်ငွေ သိန်းနဲ့ချီပြီး စည်သူပလပ်ကျွတ်လိမ်လည် ထွက်ပြေးသွား

Jan 21 • 2:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရောက် မြန်မာတွေဆီက ဘတ်ငွေ သိန်းနဲ့ချီပြီး စည်သူပလပ်ကျွတ်လိမ်လည် ထွက်ပြေးသွား

အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်းရောင်ကတ် ပြုလုပ်ပေးမယ်လို့ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သိန်းနဲ့ချီ လိမ်လည်ခဲ့တယ်လို့ ငွေကြေး လိမ်လည...

အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်းရောင်ကတ် ပြုလုပ်ပေးမယ်လို့ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သိန်းနဲ့ချီ လိမ်လည်ခဲ့တယ်လို့ ငွေကြေး လိမ်လည်ခံရသူတွေက ပြောပါတယ်။ပန်းရောင်ကတ် ပြုလုပ်ပေးဖို့အတွက် စည်သူပလပ်ကျွတ်က ထိုင်းရောက် မြန်မာအလုပ်သမား လူဦးရေ ၁၀၀၀ ကျော်ဆီက အခကြေးငွေတွေ ကြိုတင် ကောက်ခံထားပြီး ရှောင်ပြေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။“လူသစ် ဘတ်ရိုက်တဲ့ ကိစ္စအတွက် ကြိုပေးထားရတဲ့ ငွေတွေပါ။ အဲဒီ ပိုက်ဆံတွေက ကျွန်တော်တို့ အလုပ်ကြမ်းလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေပါ။ အခုထိသူနဲ့ အဆက်အသွယ်လည်း မရသေးဘူး။ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကိုလည်း မတွေ့ရတော့ဘူး” လို့ ငွေကြေး လိမ်လည်ခံရသူ တယောက်က ပြောပါတယ်။အဲဒီ ငွေကြေးတွေဟာ ထိုင်း‌ရောက် အလုပ်သမားတွေအနေနဲ့ ချေးငှားယူတာ၊ ကြမ်းတမ်းတဲ့ အလုပ်တွေ လုပ်ကိုင်တာအပြင် ကိုယ်ပိုင်ပစ္စည်းတွေကို ပေါင်နှံရောင်းချကာ ရှာဖွေထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူတွေကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စည်သူပလပ်ကျွတ်အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးစေလိုပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ အသိပေး ပြောဆိုနေကြပါတယ်။

news-view-count-icon

16