မွန်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မုဒုံ-ရေလယ်-ဘုရားသုံးဆူလမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် ကန့်သတ်ထားကြောင်း ဒေသခံနှင့် ယာဉ်မောင်းများက ပြောသည်။လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်ပြီး ည ၇ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်နေရာများတွင် သတိပေးကြေညာစာများကပ်ထားသည့်အပြင် ခရီးသွားပြည်သူများကိုလည်း အသိပေးပြောဆိုထားသည်။
| 20 | 0 | 0 | 0 |


