ထီစျေးကွက်အတွင်း ကျပ် ၁,၀၀၀ တန်အောင်ဘာလေထီလက်မှတ် တစ်စောင်လျှင် ကျပ် ၁,၄၀၀ ဖြင့် ရောင်းချကြောင်း ထီရောင်းသူနှင့် ထီကံစမ်းသူများထံမှ သိရသည်။“ကျွန်မအလုပ်စဝင်ပြီး ရောင်းတုန်းကတော့ တစ်စောင်ကို ၁,၂၀၀၊ ၁,၃၀၀ ကျပ်နဲ့ ရောင်းရတယ်။ ဒီလကတော့ ၁,၄၀၀ ကျပ်ဖြစ်ပြီး ၁၀၀ စျေးတက်သွားပါတယ်” ဟု ထီရောင်းချသူတစ်ဦးက ပြောကြားသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ၈၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ဌ အက္ခရာအထိ စုစုပေါင်း အက္ခရာ ၁၂ လုံးဖြင့် ထီစာအုပ် ၉၈၁,၈၁၆ အုပ် ရောင်းချခဲ့ရကြောင်း သိရသည်။အဆိုပါ ၈၂ ကြိမ်မြောက်ထီဖွင့်ပွဲတွင် ၇၀ ရာခိုင်နှုန်း ခွဲဝေချီမြှင့်သည့်အတွက် ထီဆုငွေ ကျပ်သန်း ၆,၈၇၂ ဒသမ ၇၁၂ ခွဲဝေချီးမြှင့်ခဲ့ကြောင်း၊ ယင်းအပြင် ဆုမဲတန်ဖိုးမပြည့်မီသည့် ဆုငွေများနှင့် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ပေါင်းထည့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်း ထီဈေးကွက်အတွင်း ကျပ် ၁,၀၀၀ တန်အောင်ဘာလေထီလက်မှတ် တစ်စောင်လျှင် ကျပ် ၁,၄၀၀ ဖြင့် ရောင်းချနေ
Jan 21 • 2:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


