back

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်

Jan 21 • 3:05 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကားတွေ သွားလာလို့ရပြီ ဖြစ်တယ်လို့ သိရပါတယ် ။ မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ...

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကားတွေ သွားလာလို့ရပြီ ဖြစ်တယ်လို့ သိရပါတယ် ။ မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်ပြီ ဖြစ်လို့ ပြင်ဦးလွင် လမ်းပိုင်းကနေ သွားလာခြင်းကို ဒီနေ့ကစပြီး ပိတ်လိုက်ကြောင်း ကားသမားတွေဆီက သိရပါတယ်။ ဒီနေ့မှာ ကားသမားတချို့ကတော့ စမ်းသပ် ပြေးဆွဲသွားဖို့ လုပ်နေကြသလို တချို့ကလည်း ပြေးဆွဲရမှာ စိုးရိမ်နေကြ တယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် မန္တလေး - မိုးကုတ်လမ်းပိုင်းကို ပြင်ဦးလွင် - ဟိုခို လမ်းပိုင်းကနေ သွားလာရတာဖြစ်ကြောင်း ၊ လမ်းပိုင်းတလျှောက်မှာ ဂိတ်တော်တော်များများရှိပြီး ဂိတ်တဂိတ်ကို ၅,၀‌၀၀ ကျပ်ကနေ ၁၀,၀၀၀ အနည်းဆုံး ပေးရကြောင်း ၊ လမ်းကြေးက ကုန်ပစ္စည်း အနည်းအများပေါ်လိုက်ပြီး သိန်းဂဏန်းအထိ ပေးရတယ်လို့ သူက ထပ်မံ ပြောပါတယ်။

news-view-count-icon

45