ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေက အများစု လွှမ်းမိုးလာနေပြီး ဒေသခံတွေ လုပ်ငန်းရှင်အဖြစ် ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။“သိန္နီမြို့တောင် ကျယ်ဂေါင်လို ဖြစ်သွားပြီ။ ဆိုင်ဆိုင်းဘုတ်တွေက အရင်ကတည်းက တရုတ်စာနဲ့ ဖြစ်နေပြီ၊ စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေကအစ တရုတ် သူဌေးတွေပဲ။ တရုတ်နိုင်ငံသား သူဌေးတွေ ကိုယ်တိုင် လာရောင်းနေကြတယ်။ ဒေသခံတွေကတော့ ဆိုင်ခန်းခ ဈေးမြင့်လာတာ၊ ရင်းနှီးမြှုပ်နှံမှု မယှဉ်နိုင်တာကြောင့် လုပ်ငန်းရှင်အဖြစ် မရပ်တည်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။လက်ရှိမှာ ဟိုတယ်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အများစုကို တရုတ်နိုင်ငံသားတွေ လာဖွင့်ထားကြပြီး စီးပွားရေးလုပ်ငန်းစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ တရုတ်ဘက်က လုပ်ငန်းရှင်တွေ လက်ထဲ ရောက်ရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ ပန်လော့ဈေးအနီးမှာလည်း တရုတ်ဘက်က ရုပ်ရှင်ရုံ တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Jan 21 • 2:47 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


