ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေယောင်းမအတက်တွင် ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက တွဲကားတစ်စီးနှင့် Prado အိမ်စီးကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်မှလာသည့် အိမ်စီးကားနှင့် ကလောဘက်မှ ဆင်းလာသည့် ကျောက်မီးသွေးတင်တွဲကားတို့သည် လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ အိမ်စီးကားမှာ လမ်းဘေးရှိ နေအိမ်တစ်လုံးသို့ပါ ဝင်ရောက်ဆောင့်မိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်ပါသူ ၄ ဦးအနက် ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဦးခေါင်းထိခိုက်သူတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ကလောဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရှိရပါသည်။ ကလောအတက် လမ်းကွေ့များသည် အန္တရာယ်များသဖြင့် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့မောင်းနှင်ရန် ဒေသခံများနှင့် ကားသမားများက သတိပေးနှိုးဆော်ထားကြပါသည်။
| 12 | 0 | 0 | 0 |


