back

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁,၀၀၀ ခန့်ရှိလာပြီး ဘန်ကောက်မြို့၌ ကူးစက်မှုအများဆုံးဖြစ်နေ

Jan 21 • 2:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁,၀၀၀ ခန့်ရှိလာပြီး ဘန်ကောက်မြို့၌ ကူးစက်မှုအများဆုံးဖြစ်နေ

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူဦးရေ ၁,၀၀၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်းနှင့် အဆိုပါအရေအတွက်ထဲတွင် ဘန်ကောက်မြို့၌ က...

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူဦးရေ ၁,၀၀၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်းနှင့် အဆိုပါအရေအတွက်ထဲတွင် ဘန်ကောက်မြို့၌ ကူးစက်မှုအများဆုံးဖြစ်ကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Airin Phanrit ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားပါသည်။ ရောဂါထိန်းချုပ်ရေးဌာန (DDC) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ အတည်ပြုလူနာ ၉၃၃ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိခဲ့ရာမှ ယခုအခါ ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်လာခြင်းဖြစ်ပြီး၊ လူနာအများစုမှာ မရင်းနှီးသူများနှင့် လိင်ဆက်ဆံမှုရာဇဝင်ရှိကြကြောင်း သိရပါသည်။ ထို့ကြောင့် အထူးသဖြင့် လူစည်ကားသော ခရီးသွားနေရာများတွင် အရေပြားအဖုအပိမ့် သို့မဟုတ် အရည်ကြည်ဖုရှိသူများနှင့် နီးကပ်စွာထိတွေ့ခြင်းကို ရှောင်ကြဉ်ရန် အာဏာပိုင်များက သတိပေးနှိုးဆော်ထားပါသည်။

news-view-count-icon

17