back

မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Jan 21 • 2:39 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ်၊ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိန...

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ်၊ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်က မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအတွက် ဆုကြေးငွေများကို ယခင်ကထက် တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး၊ အမှတ်ပေးဒိုင်များအနေဖြင့်လည်း ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ အကဲဖြတ်ရန် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက တိုက်တွန်းမှာကြားထားပါသည်။ ယခုနှစ်ပွဲတော်ကို ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံကာ အားနည်းချက်များ ပြုပြင်၍ ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

58